ဧပြီလ ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယမန်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် နှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဇနီးများ ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁,၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြပါသည်။
ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားအား နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများရှိ အသက် ၇၅ နှစ် နှင့်အထက် အဘိုး ၁၁ ဦး၊ အဘွား ၂၆ ဦး စုစုပေါင်း ၃၇ ဦး အနက် တက်ရောက်နိုင်သူ အဘိုး၊ အဘွား ၁၈ ဦးအား ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာ နှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာစကား ပြန်လည် ပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများအား ရင်းနှီးစွာ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ နှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်
Post Paragraph
Paragraph Images
video-upload