လူငယ်သင်တန်းကျောင်းများ

  • ပညာသင်ကြားပေးခြင်း

         တိုင်းရင်းသားလူငယ်ကျောင်းသားများအား စားဝတ်နေရေး၊ ပညာသင်ကြားရေးစရိတ်များ ကို ဦးစီးဌာနမှ ကုန်ကျခံပေးလျက် အလယ်တန်း၊ အထက်တန်းပညာများ သင်ကြားပေးပါသည်။ အထက်တန်းအဆင့်ပညာများ သင်ကြားရာတွင် စားမေးပွဲအထောက်အကူပြုသည့် အထူးထုတ် စာအုပ်များပေးပို့ခြင်း၊ အတွေ့အကြုံရင့်ကျက်သော ဆရာများဖြင့် အချိန်ပိုသင်ကြားပေးခြင်းတို့ ဆောင်ရွက်ပေးပါသည်-

  • ဒီဂရီကောလိပ်၊ တက္ကသိုလ်ပညာသင်ကြားပေးမှု

           အခြေခံပညာအထက်တန်းမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ကျောင်းသားများအား အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သင်ကြားပေးနိုင်ရန် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်/စစ်ကိုင်းတို့သို့ တက်ရောက်စေခြင်း၊ ကျောင်းသူများအား သူနာပြု၊သားဖွားသင်တန်းနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်းများသို့ တက်ရောက်ခွင့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

                                                                     

  • လူမျိုးအလိုက်ကျောင်းသားအင်အားစာရင်း

     နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာသင်တန်းကျောင်းများသို့ တက်ရောက်သင်ကြားနေသည့် ကျောင်းသား/ သူများ၏ လူမျိုးအလိုက်စာရင်း