နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ တည်နေရာ

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိပါသည်-
၁။ |
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်းတိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာ စေရန်။ |
၂။ |
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များ ဖြစ်လာစေရန်။ |
၃။ |
ပညာရပ်များတတ်မြောက်၍ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်ဖွံ့ဖြိုးရေးလုပ်ငန်း များပြန်လည်ဆောင်ရွက်စေရန်။ |
၄။ |
နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်။ |
၅။ |
နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက် လိုသည့်စိတ်ဓာတ် ထက်သန်စေရန်။ |
၆။ |
အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက် ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များမွေးမြူပေးရန်။ |
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူအသစ်လက်ခံရာတွင် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီသူများကို စိစစ်လက်ခံပါသည်-
၁။ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသား ဖြစ်ရမည်။ |
၂။ | နယ်စပ်ဒေသများရှိ မြို့/မြို့နယ်များနှင့်အလှမ်းဝေး၍ ဝေးလံခေါင်သီသည့် ကျေးရွာ များတွင် နေထိုင်ပြီး မိမိတိုင်းရင်းသားဘာသာစကား တတ်ကျွမ်းသူ ဖြစ်ရမည်။ |
၃။ | မိဘမဲ့၊ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ရမည်။ |
၄။ | အပိုဒ်(၃)ပါကျောင်းသား/ကျောင်းသူများထဲမှ ဉာဏ်ရည်မြင့်မားသူ၊ ပညာအခြေခံကောင်းမွန် သူ၊ ပညာလိုလားကြိုးစားသင်ယူလိုသူများ ဖြစ်ရမည်။ |
၅။ | ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းသူများဖြစ်ရမည်၊ (နာတာရှည် ရောဂါရှိသူ၊ ကူးစက်ရောဂါရှိသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ၊ စိတ်ရောဂါရှိသူ၊ ဦးနှောက်မဖွံ့ဖြိုးသူ စသည့် ကျန်းမာရေးချို့တဲ့သူများနှင့် တက်တူး(Tatto)ဆေးမှင်ကြောင်ထိုးထားသူများအား လက်ခံခြင်းမပြုရ)။ |
၆။ | အသက်(၁၁)နှစ်မှ(၁၂)နှစ်အတွင်းရှိ ပဉ္စမတန်း ကျောင်းသား/ကျောင်းသူ များသာဖြစ်ရမည်၊ မိဘနှစ်ဦး(သို့)တစ်ဦး ကွယ်လွန်ကြောင်း အထောက်အထား တင်ပြလာပါက ဆဌမတန်းမှ အဌမတန်းအတွင်း တက်ရောက်နေသူဖြစ်ပြီး တက်ရောက်ခွင့်ရရှိရေး ဦးစီးဌာန(ရုံးချုပ်)သို့ အတည်ပြုချက် ယူရမည်ဖြစ်ပါသည်။ |
၇။ |
သင်တန်းကျောင်းမှချမှတ်ထားသော စည်းကမ်းချက်များကို သိရှိနားလည်ပြီး လိုက်နာနိုင်သူ ဖြစ်ရမည်။ |
၈။ |
ကျောင်းသား/ကျောင်းသူများသည် မိဘများဒေသပြောင်းရွှေ့ရာသို့ လိုက်ပါ ပြောင်းရွှေ့လိုသူများ မဖြစ်စေရ။ |
၉။ | မိမိတို့ကျောင်းရှိ အိပ်ဆောင်ဝင်ဆံ့နိုင်မှုအပေါ်မူတည်၍ စိစစ်လက်ခံ သွားရမည်။ |
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအတွက် ကျောင်းသားများအား အောက်ပါဦးစားပေးစနစ်ဖြင့် သက်ဆိုင်ရာဒေသရှိ ကျောင်းကြီးကြပ်ရေးကော်မတီမှ စိစစ်ရွေးချယ်ပါသည်-
၁။ မိဘမဲ့
၂။ ဘမဲ့
၃။ မိမဲ့
၄။ ဆင်းရဲနွမ်းပါး
တိုင်းရင်းသားလူငယ်ကျောင်းသားများအား စားဝတ်နေရေး၊ ပညာသင်ကြားရေးစရိတ်များ ကို ဦးစီးဌာနမှ ကုန်ကျခံပေးလျက် အလယ်တန်း၊ အထက်တန်းပညာများ သင်ကြားပေးပါသည်။ အထက်တန်းအဆင့်ပညာများ သင်ကြားရာတွင် စားမေးပွဲအထောက်အကူပြုသည့် အထူးထုတ် စာအုပ်များပေးပို့ခြင်း၊ အတွေ့အကြုံရင့်ကျက်သော ဆရာများဖြင့် အချိန်ပိုသင်ကြားပေးခြင်းတို့ ဆောင်ရွက်ပေးပါသည်-
၁၉၉၉-၂ဝဝဝ ပညာသင်နှစ်မှ ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်ထိ |
|||||||||
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၏ |
|||||||||
ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း |
|||||||||
စဉ် |
ပညာသင်နှစ် |
ဖြေဆိုသူ |
အောင်မြင်သူ |
အောင်မြင်မှု |
|||||
ကျား |
မ |
ပေါင်း |
ကျား |
မ |
ပေါင်း |
||||
၁ |
၁၉၉၉ -၂ဝဝဝ |
၅၃ |
၂၄ |
၇၇ |
၅ |
၁ |
၆ |
၇.၈ဝ |
% |
၂ |
၂ဝဝဝ -၂ဝဝ၁ |
၆၀ |
၄၀ |
၁၀၀ |
၁၅ |
၁ |
၁၆ |
၁၆.ဝဝ |
% |
၃ |
၂ဝဝ၁ -၂ဝဝ၂ |
၉၀ |
၁၆ |
၁၀၆ |
၂၇ |
၁ |
၂၈ |
၂၆.၄၁ |
% |
၄ |
၂ဝဝ၂ -၂ဝဝ၃ |
၁၁၈ |
၂၂ |
၁၄၀ |
၂၀ |
၃ |
၂၃ |
၁၆.၄၂ |
% |
၅ |
၂ဝဝ၃ -၂ဝဝ၄ |
၁၆၆ |
၃၀ |
၁၉၆ |
၅၀ |
၁၂ |
၆၂ |
၃၁.၆၃ |
% |
၆ |
၂ဝဝ၄ -၂ဝဝ၅ |
၁၇၉ |
၄၃ |
၂၂၂ |
၄၆ |
၁၂ |
၅၈ |
၂၆.၁၃ |
% |
၇ |
၂ဝဝ၅ -၂ဝဝ၆ |
၂၀၈ |
၁၇ |
၂၂၅ |
၂၂ |
၁ |
၂၃ |
၁ဝ.၂၂ |
% |
၈ |
၂ဝဝ၆ -၂ဝဝ၇ |
၂၁၈ |
၂၄ |
၂၄၂ |
၆၇ |
၈ |
၇၅ |
၃၁.ဝဝ |
% |
၉ |
၂ဝဝရ -၂ဝဝ၈ |
၂၂၄ |
၃၂ |
၂၅၆ |
၆၈ |
၅ |
၇၃ |
၂၈.၅၁ |
% |
၁ဝ |
၂ဝဝ၈ -၂ဝဝ၉ |
၂၀၇ |
၅၃ |
၂၆၀ |
၅၅ |
၁၄ |
၆၉ |
၂၆.၅၃ |
% |
၁၁ |
၂ဝဝ၉ -၂ဝ၁ဝ |
၂၂၂ |
၈၄ |
၃၀၆ |
၆၆ |
၃၇ |
၁၀၃ |
၃၃.၆၆ |
% |
၁၂ |
၂ဝ၁ဝ -၂ဝ၁၁ |
၅၃၂ |
၁၀၇ |
၆၃၉ |
၂၀၀ |
၃၉ |
၂၃၉ |
၃၇.၄ဝ |
% |
၁၃ |
၂ဝ၁၁ -၂ဝ၁၂ |
၄၆၇ |
၁၃၃ |
၆၀၀ |
၁၈၆ |
၆၂ |
၂၄၈ |
၄၁.၃၃ |
% |
၁၄ |
၂ဝ၁၂ -၂ဝ၁၃ |
၄၆၄ |
၁၂၉ |
၅၉၃ |
၁၃၅ |
၃၀ |
၁၆၅ |
၂၇.၈၂ |
% |
၁၅ |
၂ဝ၁၃ -၂ဝ၁၄ |
၅၁၈ |
၁၄၁ |
၆၅၉ |
၁၅၁ |
၂၄ |
၁၇၅ |
၂၆.၅၆ |
% |
၁၆ |
၂ဝ၁၄ -၂ဝ၁၅ |
၅၉၄ |
၁၄၀ |
၇၃၄ |
၁၇၄ |
၄၉ |
၂၂၃ |
၃ဝ.၃၈ |
% |
၁၇ |
၂ဝ၁၅-၂ဝ၁၆ |
၄၉၈ |
၁၈၅ |
၆၈၃ |
၁၅၅ |
၆၃ |
၂၁၈ |
၃၁.၉၂ |
% |
၁၈ |
၂ဝ၁၆-၂ဝ၁၇ |
၅၄၂ |
၂၈၁ |
၈၂၃ |
၁၅၄ |
၉၀ |
၂၄၄ |
၂၉.၆၅ |
% |
၁၉ |
၂ဝ၁၇-၂ဝ၁၈ |
၆၂၃ |
၄၄၇ |
၁၀၇၀ |
၁၉၀ |
၁၂၉ |
၃၁၉ |
၂၉.၈၁ |
% |
၂ဝ |
၂ဝ၁၈-၂ဝ၁၉ |
၇၂၀ |
၅၆၄ |
၁၂၈၄ |
၂၂၃ |
၁၄၄ |
၃၆၇ |
၂၈.၅၈ |
% |
၂၁ |
၂ဝ၁၉-၂ဝ၂၀ |
၅၂၂ |
၄၆၂ |
၉၈၄ |
၂၃၀ |
၁၉၉ |
၄၂၉ |
၄၃.၆၀ |
% |
၂၂ |
၂ဝ၂၀-၂ဝ၂၁ |
- |
- |
- |
- |
- |
- |
|
|
၂၃ |
၂ဝ၂၁-၂ဝ၂၂ |
၄၂၃ |
၄၅၁ |
၈၇၄ |
၂၅၅ |
၂၈၂ |
၅၃၇ |
၆၁.၄၄ |
% |
|
စုစုပေါင်း |
၇၆၄၈ |
၃၄၂၅ |
၁၁၀၇၃ |
၂၄၉၄ |
၁၂၀၆ |
၃၇၀၀ |
|
|