သမိုင်းအကျဉ်း
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး (၂/၂၀၀၄) ဆုံးဖြတ်ချက်အပိုဒ် ၈ တွင် နယ်စပ်ဒေသရှိ လူငယ်လေးများအတွက် လက်သမားအတတ်၊ ပန်းရန် အတတ်၊ သံချည်သံကွေးအတတ်၊ အိမ်ပုံစံဆွဲခြင်းအတတ် စက်မှုလက်မှုအတတ်ပညာများ သင်ကြားပေးမည့်ကျောင်းများ တည်ထောင်ဖွင့်လှစ်သင်ကြားပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။