March 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ၂၀၁၈ မတ် ၁၇
     ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘော လေ့လာရေးခရီး သွားရောက်ခဲ့သော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Ho Chi Minh မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

standard

ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခြင်း

နေပြည်တော် မတ် ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီ မော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၁၃
    ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘောလေ့လာရေးခရီး ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဒုတိယဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H. E. Mr. Truong Hoa Binh အား သွားရောက် တွေ့ဆုံခဲ့ပါသည်။

standard