နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မအူပင်တွင် သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော် မတ် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်)၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။