March 2022

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းတွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောပွဲကျင်းပ

   ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပွဲကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ၂၁-၃-၂၀၂၂ ရက်နေ့ ၁၀း၃၀ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

standard

ကော့ကရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခိုလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄၃ ဒဿမ ၂၈၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ကွန်ကရစ်လမ်း ၁/၄ မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးသည်

standard

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

    ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၁၃ ဒသမ ၃၈၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် စိမ်းလဲ့ဖြူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် နမ့်စန်မြို့နယ်၊ နားရိုင်း- ကုန်းမလမ်းမှ မောက်မယ်-ဆီဆိုင် ဆက်သွယ်သောလမ်း ၁/၀ မိုင် ကျောက်ချောခင်းခြင်းနှင့် နမ့်စန်မြို့နယ်၊ နောင်စန့်-နောင်ဘို ၇/၄ မိုင် လမ်းပေါ်တွင် ၃၅ ပေကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

standard

မိုင်းရယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ  ၂၀၂၂ ခုနှစ်၊  မတ်လအထိ (၆)  လအတွင်း   နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၅၀.၉၆၃)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နမ့်လန်း - ဟိုတိ - မန်ကျောင်း - ပန်ရှင် ဖောက်လုပ်ပြီးမြေလမ်း ၆/၀ မိုင်ပေါ်တွင် ၁/၀မိုင် ကျောက်ချောလမ်းခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၅'x၅'x၂၆' Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ

standard