April 2023

ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဘားအံ ဧပြီ ၅
    နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိသည်။

standard

မိုးမောက်မြို့နယ်၌ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် ရိုးရာဆုတောင်းပွဲကျင်းပ

မိုးမောက် ဧပြီ ၅
    ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျရီ-ဒဂေါ်ကျေးရွာအဝင်လမ်းပေါ်တွင် ပေ ၄၀ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဒေသခံတိုင်းရင်းသားများ၏ ကချင်ရိုးရာဓလေ့ ဆုတောင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

standard

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီလ  ၅  ရက်
    မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးခဲ့သည့်မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ပူတာအိုခရိုင်ရှိ ဘာသာရေးဆိုင်ရာ ကျောင်းများသို့ ဆွမ်းဆန်နှင့် ရိက္ခာပစ္စည်းများ လှူဒါန်း

ပူတာအို ဧပြီ ၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့် ရိက္ခာပစ္စည်းများအားလည်းကောင်း၊ ခရစ်ယာန်ဘာသာရေးဆိုင်ရာကျောင်းများတွင် လိုအပ်လျက်ရှိသည့်ဆန်နှင့်ရိက္ခာ ပစ္စည်းများကို မတ်လနောက်ဆုံးပတ်က ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard