August 2026

ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်လျက်ရှိ

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံး အဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

standard

အိန္ဒိယသမ္မတနိုင်ငံနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Abhay Thakur နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အိန္ဒိယ သံအမတ်ကြီး H. E. Mr.

standard

ဖလမ်းမြို့အတွင်း ရုံးသုံးဆိုလာလျှပ်စစ်မီး တပ်ဆင်အသုံးပြုမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးလုပ်ငန်းဆောင်ရွက်ရန် ဦးစားပေးအလိုက် ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ပေးလျက်ရှိကြောင်း၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် 6kv Watt ဆိုလာလျှပ်စစ်မီးတပ်ဆင်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

standard

ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဗဟိုကျောင်းလမ်းတစ်လျှောက်ရှိ အကြမ်းဖက်လုပ်ရပ်များကြောင့်ပျက်စီးသွား သည့်အပျက်အစီးများအား ရှင်းလင်းဖယ်ရှား

ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဗလိုင်ရပ်ကွက် ဗဟိုကျောင်းလမ်းတစ်လျှောက်ရှိ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။

standard

ဖလမ်းခရိုင်နှင့် မြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များ၏ အနီးကပ်ဦးဆောင်ကြီးကြပ်မှုဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးသွားသည့် ဖလမ်းခရိုင်နှင့် မြို့နယ်ရှိဌာနဆိုင်ရာရုံးအဆောက်အအုံများကို ဒေသခံကုမ္ပဏီများက ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့တော်ခန်းမပြန်လည် ပြုပြင်နေမှုကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

standard