ဖလမ်းမြို့ ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ရေးဆောင်ရွက်
ဖလမ်းမြို့နှင့် အနီးရှိကျေးရွာများသို့ ၄၀၀ ကီလိုဝပ် ဓာတ်အားပေးစက်နှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့သည့် ငစစ်ဗားရေအား လျှပ်စစ်စက်ရုံနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် ရုံးနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ထိုသို့ ပြုပြင်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးသည်။