စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူး

စစ်တွေ ဇွန် ၇
စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား စတင်ဖြန့်ဖြူးခြင်း အခမ်းအနားကို ယနေ့ညပိုင်းတွင် စစ်တွေမြို့ (၆၆/၁၁)ကေဗွီ စစ်တွေဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဓာတ်အားပို့လွှတ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၁၁ ကေဗွီ မေယု (၁) ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မေယု(၂) ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မေယု (၃) ဓာတ်အားလိုင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက မေယု(၄) ဓာတ်အားလိုင်းတို့ကို အသီးသီး စက်ခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေးကြ သည်။
မုန်တိုင်းအလွန်ကာလဓာတ်အားဖြန့်ဖြူးမှု ပထမအဆင့်အနေဖြင့် ယနေ့ညပိုင်းတွင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
 သတင်းစဉ်
 

Post Paragraph
video-upload