နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၊ ထန်တလန်မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

ဟားခါး ဖေဖော်ဝါရီ ၂၂
   ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည်သာသနဗိမာန်သို့ သွားရောက်၍ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
   ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး-ထန်တလန်မြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ် သာသနာပြုကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေသည်။
   ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် ချင်းပြည်နယ် ထန်တလန်မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိမြို့ဖများအား ဟားခါးမြို့ တောင်ဇလပ် ရိပ်သာ၌ တွေ့ဆုံသည်။
   ဦးစွာ  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှာစကား ပြောကြားပြီး မြို့မိမြို့ဖများက ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲ များကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန် ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။
   ယင်းနောက် မြို့မိမြို့ဖများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload