ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းအမှား၊အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ ဆောင်ရန် ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြော

  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်းတယ)၌ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး ဆောင်ရန် ရှောင်ရန်၊ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်သည်။
    ဦးစွာ လူငယ်သင်တန်းကျောင်း(ပင်းတယ) ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်က အသိပညာပေးဆိုင်ရာဟောပြောပွဲ ပြုလုပ်ပေးရခြင်းအကြောင်းနှင့် အမှာစကားပြောကြားသည်။ ယင်းနောက် ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တင်အောင်က သတင်းအမှား/အမှန် ခွဲခြား သုံးသပ်နိုင်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်နန်းအောင်က သတင်းအမှား၊ အမှန်များ လုပ်ကြံသတင်းများ ခွဲခြားနိုင်ရန်နှင့် ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဇင်မိုးမြင့်မှ သဘာဝဘေးအန္တရယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း ဟောပြောသည်။
    အဆိုပါဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။