စီမံကိန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီမံကိန်းများ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်းဆောက်လုပ် သင်တန်းပေးရေးစီမံကိန်း (The Establishment of Technical School for National Youth in Border Areas in Hpa-An Township, Kayin State and Training Programme)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Bridge Asia Japan တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၅၄ သန်းဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၆ နှစ် သက်တမ်းရှိ ကရင် ပြည်နယ်၊ ဘားအံမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ် သင်တန်းပေးရေးစီမံကိန်းအား ၂၇-၁၂-၂၀၁၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်း (The Capacity Enhancement Plan for the Technical School for National Youths in Border Areas in Hpa-An Township, Kayin State)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Bridge Asia Japan တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၇၄ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁ နှစ် သက်တမ်းရှိ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်း အား ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်ကြားရေးဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ စွမ်းရည်မြင့်မားရေးအတွက် English for Education College Trainers (EfECT) သင်တန်းဖွင့်လှစ်ခြင်း စီမံကိန်း (English for Education College Trainers Project)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဗြိတိန်နိုင်ငံ၊ British Council တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ မေလမှ ၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ၁ နှစ် ၄ လသက်တမ်းရှိ English for Education College Triners (EfECT) သင်တန်းဖွင့်လှစ်ခြင်းစီမံကိန်းအား ၁၉-၆-၂၀၁၅ ရက်နေ့တွင် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့ပေးမည့်စီမံကိန်း (Capacity Building Support for Mechanical Training School for National Youths in Border Areas in Labutta)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swisscontact တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၁ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်သက်တမ်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာအထောက်အပံ့ပေးမည့်စီမံကိန်းအား ၁၁-၉-၂၀၁၈ ရက်နေ့တွင် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်းပို့ချခြင်း စီမံချက် (Training Program for Leadership for Peace and Development of Border Areas and Nationalities)ဆောင်ရွက်ဆဲစီမံကိန်းများ
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation(TNF) တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၆ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်သက်တမ်းရှိ ငြိမ်းချမ်းရေး