စီမံကိန်းများ

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီမံကိန်းများ

  • ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(UNDP - United Nations Development Programme) နှင့် ပူးပေါင်းဆောင်ရွက်မှု

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသမှ ပြည်သူလူထု ဆင်းရဲချို့တဲ့မီု ပပျောက်ရေး ဦးတည်ချက်ဖြင့် ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ လူ့စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၄) ဆင့်နှင့် လူမှုအသိုင်းအဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအတွက် ပံ့ပိုးခြင်း စီမံချက်တို့အား အမေရိကန်ဒေါ်လာ ၉၃.၃၂၇ သန်း သုံးစွဲ၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အသေးစား ငွေစုငွေချေးလုပ်ငန်း၊ ဝင်ငွေရ လုပ်ငန်းများ ထေ

    အသေးစိတ် ဖတ်ရန်

  • ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပူးပေါင်းဆောင်ရွက်မှု

    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် UNHCR တို့ ပူးပေါင်း၍ အသေးစားစီမံကိန်း လုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ လူထုအသိပညာပေးသင်တန်းပေးခြင်း၊ အရေးပေါ်ထောက်ပံ့မှု လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စီမံကိန်း အဆင့် ၅ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၆၂၂.၄၈ သန်း သုံးစွဲ၍ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီမံကိန်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

    အသေးစိတ် ဖတ်ရန်

  • GRET Myanmar နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် GRET Myanmar တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စီမံကိန်းအဆင့် ၂ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၅.၂၀၉ သန်းသုံးစွဲ၍ စိုက်ပျိုးရေး သင်တန်းများ ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းမြှင့်တင်ခြင်းလုပ်ငန်းများ၊ သဘာဝ အရင်းအမြစ်များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲရေး လုပ်ငန်းများအား ချင်းပြည်နယ် (တောင်ပိုင်း) နှင့် (မြောက်ပိုင်း) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

    အသေးစိတ် ဖတ်ရန်

  • Malteser International နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ အခြေစိုက် Malteser International သည် ၂၀၀၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စီမံကိန်းအဆင့် ၄ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၆.၄၂၈ သန်းသုံးစွဲ၍ စာသင်ကျောင်း/ ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ သဘာဝ ဘေးအန္တရာယ်လျော့ချရေး လုပ်ငန်းများအား ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

    အသေးစိတ် ဖတ်ရန်

  • Lutheran World Federation နှင့် ပူးပေါင်းဆောင်ရွက်မှု

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Lutheran World Federation နှင့် ပူးပေါင်း၍ စာသင်ကျောင်း/ပညာရေး အထောက်အကူပြု လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးရေး စီမံချက်အား ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်များတွင် မူလတန်းကျောင်းနှင့် ကျောင်းအိမ်သာ ဆောက်လုပ်ခြင်း၊ ကျောင်းပရိဘောဂ ထောက်ပံ့ခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်ခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရေကောင်းရေသန့်ရရှိရေးနည်းလမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးမှု ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော လူမှုစီးပွားဘဝ

    အသေးစိတ် ဖတ်ရန်