စီမံကိန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီမံကိန်းများ
Terra People Association (TPA)နှင့် ပူးပေါင်းဆောင်ရွက်မှု (အပြန်အလှန်ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်းစီမံကိန်း- Creation of Symbiotic Society Project)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA)တို့ ပူးပေါင်း၍ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်းဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအား စီမံကိန်း အဆင့် ၅ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၅.၄၈၈ သန်း သုံးစွဲ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် နှင့် နောင်တရား မြို့နယ်တို့တွင် အပြန်အလှန်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ယဉ်က
Swiss Foundation for Development Cooperation- Swissaid (ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဆွစ်ဇာလန်ဖောင်ဒေးရှင်း)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန်နိုင်ငံ အစိုးရ မဟုတ်သော
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်ခြင်းစီမံကိန်း (The Elderly Care Course)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Japan Myanmar Association တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၉၇ သန်းဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂ နှစ် သက်တမ်းရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း (သူနာပြုအလုပ်သင် သင်တန်း) ဖွင့်လှစ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၂-၁-၂၀၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာ အရ သင်တန်း ၁ ကြိမ်လျှင် သင်တန်းသား ၆၀ ဦး၊ သင်တန်းကာလ ၁၂ လ ဖြင့် စီမံကိန်းကာလ အတွင်း သင်တန်း ၄ ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး Myanmar Sankou Co.,Ltd (Japan) ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း စီမံကိန်း (Capacity Enhancement Plan for the Technical School for National Youths in Border Areas in Hpa-An Township, Kayin State)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Sustainabridge(SB) တို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၀.၇၄ သန်းဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁ နှစ် သက်တမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ဘားအံ လုပ်ငန်းအကောင်အထည်ဖော်မှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်းအား ၃၀-၇-၂၀၂၁ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကာလအတွင်း သင်တန်း ၂ ကြိမ် ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပါသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ Nishida Barley Processing Co., Ltd နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ Nishida Barley Processing Co., Ltd တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကြိတ်စေ့ထုတ်ပိုးမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ခြင်းအတွက် ဂျပန်နည်းပညာ ဖြန့်ဝေခြင်းအပေါ် ပုဂ္ဂလိကနှင့်အတူ အတည်ပြု စစ်တမ်း ကောက်ယူခြင်း စီမံကိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ မြို့နယ် တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ အမေရိကန်ဒေါ်လာ ၀.၃၁၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နတလမှဝန်ထမ်း ၃ဦးအား ဂျပန်နိုင်ငံတွင် ကြိတ်စေ့နှင့်အခြားကောက်ပဲသီးနှံများ စိုက်ပျိုးမှု၊ ကုန်ထုတ်လုပ်မှုနှင့် စျေးကွက်အတွင်း ထုတ်လုပ်ရောင်းချမှုများအား အခြေအနေများ အား လေ့လာရေး စေလွှတ်