August 2016

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အား တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်း၏ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တာ် သြဂုတ်လ ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ Protracted Relief and Recovery Operation (PRRO) စီမံကိန်းအား ဆန်းစစ်အကဲဖြတ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်းမှ International Evaluator ဖြစ်သူ Ms. Jeanne Frances နှင့် အဖွဲ့သည် ယနေ့နံနက် (၉) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလာရောက်တွေ့ဆုံ

နေပြည်တော် သြဂုတ်လ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Daisy Dell သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

standard

ရခိုင်မြေ အေးချမ်းသာယာပါစေကြောင်း

အနောက်ဘက်ယွန်းယွန်း အရပ်ဒေသများကနေ ရောက်ရှိလာတတ်သောကြောင့် အနောက်နွား ဟု ခေါ်ကြသလားတော့ မပြောတတ်ပါ။ အနှီ အနောက်နွားတစ်ကောင်ကို ကျပ်လေးရာ၊ လေးရာ့ငါးဆယ်နှင့် ဝယ်လို့ရသောခေတ်၌ ကျွန်တော်လူဖြစ်ခဲ့သည်ဟုလည်း ပြောနိုင်ပါ သည်။ လှည်းယဉ်(ရွာမှာတော့ လှည်းယဉ်ကို မောင်းလှည်းဟုလည်း ခေါ်တတ်ကြ၏)မောင်း ရန်ဝါသနာပါသော ကျောင်းဆရာ ကျွန်တော့် အဖေကိုယ်တိုင် အနောက်နွားတစ်ကောင်ကို ထိုဈေးနှင့် ဝယ်ခဲ့ဖူးသည်ကိုလည်း အမှတ်ရနေမိ ၏။ အဖြူရောင်နွားကလေးမို့ စံပယ်ဟု အမည် ပေးခဲ့ကြသည်။

standard

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၂၅
     နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
     နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်တို့နှင့်အတူ နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ညောင်ဦးမြို့သို့ ရောက်ရှိကြသည်။

standard

ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုုပ်စက် သင်တန်းအမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားအား (၂၂-၈-၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

standard