August 2018

နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် ပညာရေးကျောင်းများအတွက် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ သြဂုတ် ၂၉
    နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် ပညာရေးကျောင်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ သြဂုတ် ၂၄
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တာ၀န်ရှိသူများ လိုက်ပါလျက် (၂၀-၈-၂၀၁၈)ရက်နေ့မှ (၂၃-၈-၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအတွင်း)ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

standard