ဆီဆိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်ရေး လူငယ်စကားဝိုင်းဆွေးနွေး

ဆီဆိုင် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ‌ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၃ ရက် ဆီဆိုင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းအုပ်ကြီး ဦးခွန်အောင်မာန် က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးကြီးဒဲရယ် က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ‌ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်) Grade-10 မှ ကျောင်းသားတစ်ဦး က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ ကျောင်းသားတစ်ဦး က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ ကျောင်းသားတစ်ဦး က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူတစ်ဦး က လူငယ်နှင့်အသိပညာဗဟုသုတများခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ ကျောင်းသူတစ်ဦး က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ က သိရှိလိုသည်များကို မေးမြန်ဆွေးနွေးကြရာ ပါဝင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေး၍ အပြန်အလှန် ဗဟုသုတဖလှယ်နိုင်မည့် စင်မြင့်တစ်ခုအဖြစ် ဖန်တီးပုံဖော်ခဲ့ကြကြောင်း သိရသည်။ 
 

Post Paragraph