ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိရာ နိုဝင်ဘာလ ၄ ရက်တွင် တာချီလိတ်မြို့နယ်၌ မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် တာချီလိတ်မြို့နယ် လွယ်‌တော်ခမ်းကျေးရွာအုပ်စု အာဒီး- နာကျဲ ၁/၄ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် Box Culvert  လေးစင်းတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅ရွာ၊ အိမ်ခြေ ၃၅၄အိမ်၊ လူဦးရေ ၂၄၀၄ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph