ရည်ရွယ်ချက်

 

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိပါသည်-

(က)

တိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်းပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓါတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်၊

( ခ)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်း စောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်၊

( ဂ)

ပညာရပ်များတတ်မြောက်၍ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်ဖွံ့ဖြိုးရေးလုပ်ငန်း များပြန်လည်ဆောင်ရွက်စေရန်။

(ဃ)

နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်၊

( င)

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက် လိုသည့်စိတ်ဓာတ် ထက်သန်စေရန်၊

( စ)

အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက် ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များမွေးမြူပေးရန်၊