ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ သြဂုတ်လ ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ငလုံးစုကျေးရွာအုပ်စုအတွင်းရှိ တောင်ရင်းကြီး ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများသို့ အိမ်သုံးဆိုလာ   ၉၆ စုံ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်‌ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
    ဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဖြူခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက လှူဒါန်းရသည့် အကြောင်းရင်းနှင့် အိမ်သုံးဆိုလာ အသုံးပြုပုံများကို ရှင်းလင်းပြောကြားကာ ကျေးရွာများမှ တာဝန်ရှိသူများထံ အိမ်သုံးဆိုလာ ၉၆ စုံ ပေးအပ်ခဲ့ကြောင်း သိရသည်။
 

Post Paragraph