ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်- ထီးကော်ထော- မော်ဖားသူတောင်ခြေလမ်း ၂၂ မိုင် အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ၃၀၃ ဒသမ ၀၈၈ သန်းဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖားသူတောင်ခြေ လမ်း ၂၂ မိုင်အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၁-၇-၂၀၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၁၉-၂-၂၀၂၄ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    အဆိုပါ လမ်းပိုင်းပြီးစီးမှုကြောင့် မြဝတီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၄၂၄၆ အိမ်၊ လူဦးရေ ၂၆၂၃၅ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
 

Post Paragraph