ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် JICA ရုံးချုပ်မှ Senior Adviser နှင့် Deputy Director တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Senior Adviser ဖြစ်သူ Dr. Akira Kamidohzono နှင့် Deputy Director ဖြစ်သူ Mr. Kota SAKAGUCHI တို့အား (၂၈-၆-၂၀၁၈) ရက်နေ့နံနက် (၁၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
    တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် JICA တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းသို့ ကွင်းဆင်းသွားရောက် လေ့လာခဲ့မှုအခြေအနေနှင့် စီမံကိန်း အပြီးသတ်အကဲဖြတ်မစ်ရှင် (Terminal Evaluation Mission) လာရောက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

Post Paragraph