နယ်စပ်ရေးရာဝန်ကြီးဌာန(ရှမ်းအရှေ့)မှ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ လှူဒါန်းခြင်းများဆောင်ရွက်

တောင်ကြီး ၊ ဩဂုတ်လ ၂၃ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေးကျောင်းများသို့ ကိုဗစ်ကာလ ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဒေသအလိုက် ဆပ်ကပ်လှူဒါန်းလျက်ရှိပါသည်။

          ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ) ကွပ်ကဲမှုအောက်ရှိ မိုင်းဖြတ်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆန်းညွန့်ဆွေ နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများသွားရောက် လှူဒါန်းသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Post Paragraph