နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်းနယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်း

တောင်ကြီး ၊ ဩဂုတ်လ ၂၃ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆို သံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးနှင့် အခြားဘာသာရေးကျောင်းများ တွင်လည်း ကိုဗစ်ကာလ ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေစေရေးအတွက်  ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲ များအား ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ဦးရဲလွင်ဦးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ကံသစ်ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ တို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် တောင်ကြီးမြို့နယ်၊ အောင်သပြေ၊ ကူကြိုးမွေတော် ဘုန်းကြီးကျောင်းရှိ ရဟန်း၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခရိုင်/ မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆက်လက် ထောက်ပံ့လှူဒါန်းသွားမည်  ဖြစ်ကြောင်းသိရပါသည်။