နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား JICA မှ Mid-term Evaluation Mission အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dr. KITANI နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းအား ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်မည့် Mid-term Evaluation Mission အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dr. KITANI နှင့် အဖွဲ့တို့မှ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် ကာလဝက်ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်မည့် အစီအစဉ်များ၊ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် စီမံကိန်းမူဘောင် (Project Design Matrix) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဆန်းစစ်အကဲဖြတ်မှု ရလဒ်များအား စီမံကိန်း ပူးတွဲညှိနှိုင်းရေးကော်မတီ အစည်းအဝေး (JCC) တွင် ဆွေးနွေးတင်ပြ သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph