နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ်  ၂၁ 
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
    အစည်းအဝေးသို့ လမ်း၊တံတားနှင့်အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လေးလတစ်ကြိမ် လုပ်ငန်းကော်မတီသို့တင်ပြနိုင်ရေး ဌာနအလိုက် ဆောင်ရွက် သွားကြရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျာထားစီမံကိန်းလုပ်ငန်းများအား စနစ်တကျစိစစ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိတို့ဆပ်ကော်မတီအနေဖြင့် လမ်း၊ တံတားနှင့်အဆောက်အဦဆိုင်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးအတွက်လည်း စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းလျာထားချက်များ တင်ပြရာတွင် ယခင်ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုမှုအပေါ် အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်နှင့် နယ်မြေအခြေအနေအပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးသင့်သည့်ဒေသများတွင် ဦးစားပေးလျာထားစေလိုပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုရှိမှလည်း နယ်မြေတည်ငြိမ်အေးချမ်းမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းများထပ်ခြင်းရှိ/မရှိစိစစ်ရန်၊ မဖြစ်မနေအမြန်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဦးစီးဌာနများ ပေါင်းစပ်ဆောင်ရွက်သင့်သည့်စီမံကိန်းလုပ်ငန်းများကို ဦးစားပေးအလိုက်လျာထားနိုင်ရေး ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းစိစစ်ဆောင်ရွက်သွားကြရန်၊ ဘဏ္ဍာငွေအလေအလွင့်နည်းပါး စေရေးတို့အတွက် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်သွားကြရန်နှင့်နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေးကြပ်မတ်ဆောင်ရွက်သွားရန်၊ စီမံကိန်းလုပ်ငန်း များလျာထားခြင်း၊ အကောင်အထည်ဖော်ခြင်းများဆောင်ရွက်ရာတွင် ထိရောက်သောငွေကြေးသုံးစွဲမှု ဖြစ်စေရေးနှင့်လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာသူများက ဌာနအလိုက်၊ ဒေသအလိုက် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်စီမံကိန်းလျာထား ဆောင်ရွက်မှုအခြေအနေများနှင့် နှစ်ဆက်လုပ်ငန်းများအတွက် ဆက်လက်လျာထားအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးအကြံပြု တင်ပြကြရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph