ဩဂုတ်လ ၁၄ ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ၏
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်လျာထား စီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျာထား စီမံကိန်းလုပ်ငန်းများ စနစ်တကျ စိစစ် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ၄ လ တစ်ကြိမ် တင်ပြနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့လျာထားမည့် စီမံကိန်းလုပ်ငန်းများသည် ဒေသအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်စေရန်အတွက် ဒေသဆိုင်ရာ ကော်မတီများဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီမံကိန်းများလျာထား ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ခွင့်ပြုမှုပေါ် အခြေခံပြီး လျာထား ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ လျာထား စီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်ခြေ ရှိ/ မရှိ သုံးသပ်၍ လျာထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခင်လုပ်ငန်း ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဗဟိုကော်မတီသို့ အချိန်မီ ပြုစုတင်ပြနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများက ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ၂၀၂၅-၂၀၂၆ လျာထားစီမံကိန်းလုပ်ငန်းများ အရည်အသွေး ပြည့်မီ၍ အချိန်မီပြီးစီးရေး၊ ဘဏ္ဍာငွေ အလေအလွင့် နည်းပါးစေရေးတို့အတွက် ကော်မတီအလိုက် ပါဝင် ပတ်သက်ဆက်နွှယ်သူများ အချင်းချင်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက လက်ရှိဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ
video-upload