နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝေ GERT မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေနှင့် တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၃
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝေအား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ်ရေးအဖွဲ့(GERT) မှ ဌာနေ ကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေသည် ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
    ထို့သို့ တွေ့ဆုံရာတွင် (GERT)အဖွဲ့မှ ချင်းပြည်နယ်(မြောက်ပိုင်း)၌ ၂၀၁၃-၂၀၁၆ခုနှစ် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သည့် စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဝင်ငွေတိုးပွားရရှိရေးလုပ်ငန်းများ၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများနှင့်် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ချင်းပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများအား ၂၀၁၇-၂၀၂၀ခုနှစ် အထိ နားလည်မှု စာချွန်လွှာ(MoU) သက်တမ်းတိုးမြှင့်၍ ဆောင်ရွက်သွားမည့်  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Post Paragraph