နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ်ရေးအဖွဲ့ (GRET) မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေမှ လာရောက်တွေ့ဆုံ

၂၀၁၆ သြဂုတ် ၁၈ နေပြည်တော်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ် ရေးအဖွဲ့ (GRET) မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေမှ ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် (GRET) အဖွဲ့မှ ချင်းပြည်နယ်မြောက်ပိုင်း၌ ဆောင်ရွက်လျှက် ရှိသည့် စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေနှင့် သန့်ရှင်းရေး၊ ငွေစုငွေချေးလုပ်ငန်းနှင့် ဝင်ငွေတိုးပွားရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းသက်တမ်းတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းဧရိယာတိုးချဲ့နိုင်ရေး ကိစ္စရပ်များဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေ:နွေးခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးသို့ ဦးစီးဌာနမှ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Post Paragraph