နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် UNOCHA မှ Head of UNOCHA ဖြစ်သူ Mr. Mark Cutts အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် ယနေ့ နံနက် (၁၀း၃၀) အချိန်တွင် UNOCHA မှ Head of UNOCHA ဖြစ်သူ Mr. Mark Cutts အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNOCHA တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးစီမံကိန်း (မူကြမ်း) ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာမှုများအား ပြန်လည်နေရာ ချထားပေးမှုနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးမှု အခြေအနေများ၊ နယ်စပ်ဒေသရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

Post Paragraph