နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ သြဂုတ်လ  ၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြား၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်း ၅၀၀ ပင်ကို  ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရ‌လေကာပင်  ၁၀,၇၅၇ ပင်၊ ဒုတိယအကြိမ်၌ ယခုစိုက်ပျိုးသော ရတနာတန်းဝင် ကျွန်းပင် ၅၀၀ ပင်အပါအဝင် စုစုပေါင်း ၁,၄၅၀ ပင်တို့အား  စိုက်ပျိုးပြီးစီးခဲ့ကြောင်းနှင့် ရှင်သန် အောင်မြင်ဖြစ်ထွန်းရေးအတွက် ပြုစုထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   
 

Post Paragraph