နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

သြဂုတ်လ    ၅    ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ၊ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိပါသည်။
   ထိုသို့ လှူဒါန်းလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးသိန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်၊ ဓမ္မာစရိယပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမ‌ဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ် ဝတ္တုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။