နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်း‌တော်ကြီးကျောင်းများနှင့် ဂိုဏ်းပေါင်းစုံဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်‌ဇော်ထွန်းနှင့် ဝန်ထမ်းများသည် ပူတာအိုမြို့နယ်၊ ပါအင်ရပ်ကွက် ဂိုဏ်းပေါင်းစုံ ဘာသာရေးကျောင်းရှိ ဓမ္မဆရာလေးပါးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ယနေ့နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပူတာအိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။