လွိုင်လင် မတ် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ပေးလျက်ရှိသည်။
ယင်းသို့လှူဒါန်းရာတွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ စွန်းလွန်း ဝိပဿနာကမ္မဋ္ဌာန်း ကျောင်းတိုက်နှင့် နမ့်စန်မြို့နယ် ရတနာမာန်အောင်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့လည်း ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် ဝန်ထမ်းများက ယမန်နေ့တွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images