နယ်စပ်ရေးရာဝန်ကြီးဌာနက မန္တလေးတိုင်း‌ဒေသကြီးအတွင်း သန့်ရှင်းသောသောက်သုံး‌ရေရရှိရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ရေရှားပါးသည့် နေရာများတွင်လည်း စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် သာယာ‌အေးရပ်ကွက်အတွင်းရှိ ချမ်းမြေ့‌အောင်စည် ကျောင်းတိုက်နှင့် ရပ်ကွက်နေ ပြည်သူများလိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်း (တွင်းနက်) တူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန် တစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် အဆိုပါ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ချမ်းမြေ့အောင်စည်ကျောင်းတိုက်ရှိ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူလူထုများအနေဖြင့် ယခင်က ပြင်ပမှ သောက်သုံးရေဝယ်ယူအသုံးပြုရသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသော်လည်း ယခုအခါ အချိန်မရွေး သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ရရှိအသုံးပြုနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
 

Post Paragraph