နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ဗုဒ္ဓရတနာပရဟိတကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများ၊ ကျောင်းသား ကျောင်းသူများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ပြည်နယ်/ တိုင်း ဒေသကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါတွင်းကာလ ဝါဆိုကပ်တော်မူကြသည့် သံဃာ တော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

Post Paragraph