နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ရိက္ခာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇန်နဝါရီလ ၁၈ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး (တောင်ကြီး) ၌ ကျင်းပပြုလုပ် ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးရဲနိုင်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု ရိက္ခာများ ထောက်ပံ့ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများထံ ရိက္ခာများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
    ယခု ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန် (၁၂၅၀) အိတ်၊ ဆီ (၂၀၀၀) ပိဿာ၊ ဆား (၆၀၀) ပိဿာ၊ ပဲ (၆၀၀၀) ပိဿာနှင့် စောင် (၁၀၀၀) ထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph