ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမှုထမ်းဝန်ထမ်းများ ဓါတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးရေး စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၁) တက်ရောက်ဖွင့်လှစ်

မေလ  ၃၁ ရက်

               နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမှုထမ်း ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးမည့် ဓါတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးရေးစွမ်း‌ဆောင်ရည် မြှင့်တင်ရေး သင်တန်း ၁/၂၀၂၁ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊  စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြာရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသားများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

               နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အများပြည်သူများ သိရှိနိုင်စေရန်အတွက် သတင်းများထုတ်ပြန်ရာတွင် လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများအတွက် သတင်းမှတ်တမ်းများ  ရိုက်ကူး ရာတွင်လည်းကောင်း နယ်စပ်ဒေသအသီးသီး၌ ဖွံ့ဖြိုးရေးတာဝန်များ ထမ်းဆောင်နေကြသည့် အမှုထမ်းဝန်ထမ်းများအနေဖြင့် အရည်အသွေးပြည့်မီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ပူးပေါင်းဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

               အဆိုပါသင်တန်းအား ပြန်ကြားရေးဝန်ကြီးဌာနမှ ဓါတ်ပုံ၊ ဗွီဒီယို ကျွမ်းကျင်ပညာရှင် နည်းပြများက ၃၁-၅-၂၀၂၁ ရက်နေ့မှ ၄-၆-၂၀၂၁ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ သင်တန်းသား ၂၉ ဦး တက်ရောက်လျက် ရှိကြောင်း သတင်းရရှိသည်။

video-upload