နေပြည်တော်၊ မေလ ၂၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်၊ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြ များ၊ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၏ မူဝါဒ ၄ ရပ်ဖြစ်သည့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့် မူဝါဒများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်မြေတည် ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဦးစားပေး တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများဆောင်ရွက် ရာတွင်ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ခိုင်မာပြီး ထူးချွန် ထက်မြက်သောနိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင် ပေးသွားရန်၊ ကျောင်းသား၊ ကျောင်းသူ များအား ဗလငါးတန်နှင့် ပြည့်စုံပြီး အသိဉာဏ်နှင့် ဆင်ခြင်တုံ တရားများ တိုးတက်မြင့်မားလာစေရန် ပြုစုပျိုးထောင်ပေးသွားရမည်ဖြစ်ပါကြောင်း၊ မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်အသင့်ဖြစ်စေရန်အတွက် ကျောင်း၏ ဥပဓိရုပ်ကောင်းမွန် စေရေး၊ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်တို့ကို ကြိုတင်ပြင်ဆင်ထားရှိ ရေးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများအနေဖြင့် ကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် များကို သိရှိလိုက်နာ၍ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းသန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူအလယ်ရွာအနီးရှိ ဇော်ဂျီရေထွက်မှ Solar ရေတင်စနစ်ဖြင့် စိုက်ပျိုးရေး Pilot Project လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ တောင်သူ လယ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပါသည်။
ဆက်လက်၍ ပင်းတယမြို့နယ်၊ ပင်းတယ - ရပ်စောက်ကားလမ်းမှ ရှစ်သောင်းလေးထောင် ဘုရား - ရေဖြူကျေးရွာ အဝင်လမ်း ၁ မိုင် ၂ ဖာလုံ ကျောက်ဗြုန်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သစ်အယ်ပင် - ထယ်သွန်းလမ်း ၂ မိုင် ၄ ဖာလုံအနက် ၁ မိုင် ကတ္တရာ ထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း(ဆိုက်ခေါင်)သို့ ရောက်ရှိပြီးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ သင်တန်း နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ် ကာ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းဝင်းအတွင်းအား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူငယ်သင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအပြင်ပတ်လမ်း နှင့် ဆိုက်ခေါင်အားကစားကွင်း အဝင်အထွက်လမ်းအား အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဆိုက်ခေါင်အားကစားကွင်းနှင့် ပွဲကြည့် စင်များကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ နှင့် လွယ်မော တောင်တန်းဒေသများ၌ အစားထိုး ဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ယက်ဖောက်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကောင်းကလွန်း - လွယ်မိုင်းတောင်(ပွိုင့် ၈၂၆၃) ၂ မိုင် ၆ ဖာလုံ မြေလမ်းသစ်ဖောက်လုပ်ခြင်းနှင့်Box Culvert ၄ စင်းတည်ဆောက်ခြင်း၊ ပန်ကလ - ဒုံလိတန် ၃ မိုင် ၂ ဖာလုံ မြေလမ်းဖောက်လုပ်ပြီးစီးမှု၊ ကွန်ကရစ်တံတား ၃ စင်း နှင့် Box Culvert ၁၇ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များမှာကြားခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေး၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် ကိစ္စ ရပ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်း အား ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘာသာရပ်အလိုက် လေ့ကျင့် ပို့ချနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိသည့် သင်ထောက်ကူပစ္စည်းများ၊ အိပ်ဆောင်၊ စားရိပ် သာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ နန်းသဲ - တောင်လား-တောင်ကွဲ - နန်းတိုင်းသွားလမ်း ၁၅ မိုင် ၅ ဖာလုံပေါ်တွင် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ၅ စင်း နှင့် အလျား ၃၀ ပေ ကျောက်စီမြေထိန်းနံရံ ကျောက်စီရေမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားလည်ကောင်း၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ဟင်းခါးကုန်း - ဆင်တောင် - ခွေးရုပ်သွားလမ်း ၅ မိုင် လမ်းတာချဲ့ခြင်း နှင့် Box Culvert ၉ စင်း တည်ဆောက်ပြီးစီးမှု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လိုအပ်သည်များ မှာကြားခဲ့ ပါသည်။
အဆိုပါလမ်းပိုင်းအား ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကလောမြို့နယ်အတွင်းရှိ ကျေးရွာ ၄၅ ရွာမှ ဒေသခံတိုင်းရင်းသားလူဦးရေ ၁၃၁၄၅ ဦးတို့အတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည့် အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload