ပူတာအိုမြို့နယ်၌ သမိုင်းဝင်ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၆၀၄ ဒသမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ သမိုင်းဝင်ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ‌ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
  ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေး လုပ်ငန်း စသည့်ဖွံ့ဖြိုးရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph