
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်တွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် သရက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးရေးဆိုင်ရာ နည်းဗျူဟာလေးရပ်၊ လူကုန်ကူးခံရနိုင်သူများနှင့် ဖြစ်ပွားနိုင်သည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးခံရခြင်း၏အဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များကို ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က ဦးစီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများကကြည့်ရှုကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
