ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း

       နိုင်ငံတော်အစိုးရအဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့် အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၃-၈-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၃) ဖြင့် အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-     

 

စဉ် 

အမည်၊ ရာထူး၊ ဌာန  

တာဝန်

(က)

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊နိုင်ငံတော်ဝန်ကြီးချုပ်

   ဥက္ကဌ

( ခ)

ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ဒုတိယဝန်ကြီးချုပ်

ဒုတိယဥက္ကဌ

( ဂ)

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဃ)

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန

အဖွဲ့ဝင်

( င)

ဝန်ကြီးချုပ်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့(အားလုံး)

အဖွဲ့ဝင်

( စ)

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

အဖွဲ့ဝင်

( ဆ)

ညွှန်ကြား‌ရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး 

အဖွဲ့ဝင်

( ဇ)

ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

အတွင်း‌ရေးမှူး

(စျ)

ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

တွဲဘက်အတွင်း‌ရေးမှူး


ဗဟိုကော်မတီ၏ တာဝန်များ   

(က)

ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း။

( ခ)

ဝန်ကြီးဌာနကရေးဆွဲပြီး လုပ်ငန်းကော်မတီမှတဆင့် တင်ပြလာသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း။

( ဂ)

နယ်စပ်ဒေသများတွင် လတ်တလော ဆောင်ရွက်ရန်သင့်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ပေး၍ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း။

(ဃ)

တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ဓလေ့ထုံးစံများ ထိန်းသိမ်းရေးကို ရှေးရှုလျက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။

( င)

နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ အခြေအနေများကို ထိန်းသိမ်းသည့်အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။

(စ) 

တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။


ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ

(က) 

လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

(ခ)  

လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်၊ လိုအပ်လျှင်ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။

 

     နိုင်ငံတော်အစိုးရအဖွဲ့သည် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နယ်စပ်ဒေသနှင့ထေ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော််ရေး ဗဟိုကော်မတီ၏ ၁၂-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်််ာစာအမှတ် (၁၀/၂၀၂၁) ဖြင့် အဖွဲ့ဝင် (၃၃) ဦးဖြင့် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-   

စဉ်

အမည်၊ ရာထူး၊ ဌာန   

တာဝန်

(က)

ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

   ဥက္ကဌ

( ခ)

ဒုတိယဝန်ကြီး၊ ပြည်ထဲ‌ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဂ)

ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

အဖွဲ့ဝင်

(ဃ)

ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်

(င)

ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

( စ)

ကောင်စီဝင် တပ်မတော်အရာရှိကြီး ၁ ဦးစီ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

အဖွဲ့ဝင်

(ဆ)

ဒုတိယညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး

အဖွဲ့ဝင်

(ဇ)

အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

အဖွဲ့ဝင်

(စျ)

အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်

(ည)

အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဋ)

 အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

အဖွဲ့ဝင်

( ဌ)

 အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

အဖွဲ့ဝင်

( ဍ)

အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဖွဲ့ဝင်

( ဎ)

အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဏ)

အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အဖွဲ့ဝင်

(တ) 

အမြဲတမ်းအတွင်းဝန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ထ)  

အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဒ)

အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်

(ဓ)

ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန   

အတွင်း‌ရေးမှူး

(န)

ညွှန်ကြား‌ရေးမှူးချုပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဉီးစီးဌာန     

တွဲဖက်အတွင်း‌ရေးမှူး

 

လုပ်ငန်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
 

(က)

ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို စိစစ်၍ ဗဟို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း။

( ခ)

ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်း များကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။

( ဂ)

ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။

(ဃ)

ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။

(င) 

ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။

    
    
 နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက်အရလည်းကောင်း၊  နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂)ဖြင့် ‘လုပ်ငန်းဆပ်ကော်မတီ (၁၃)ခု’ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရု့း၏ ၁၆-၁၁-၂၀၁၆ ရက်စြွပါ အမိန့်အမှတ် (၈/၂၀၁၆) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-

(က)   လမ်း/တံတားလုပ်ငန်းဆပ်ကော်မတီ။
(ခ)    ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဂ)    ပညာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဃ)   စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆပ်ကော်မတီ။
(င)    စွမ်းအင်လုပ်ငန်းဆပ်ကော်မတီ။
(စ)    သာသနာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဆ)   လူမှုဝန်ထမ်းလုပ်ငန်းဆပ်ကော်မတီ။

     

     နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဌများမှ ဥက္ကဌ အဖြစ်ဆောင်ရွက်သော  ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို  ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များအား တာဝန်ပေးအပ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း  "ဒေသဆိုင်ရာလုပ်ငန်းကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-

(က)  ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ခ)   ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ဂ)   ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

(ဃ)  ကရင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( င)   မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( စ)   တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ  

(ဆ)  ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ဇ)   ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

(ဈ)   စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ