ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း
နိုင်ငံတော်အစိုးရအဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့် အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၃-၈-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၃) ဖြင့် အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-
စဉ် |
အမည်၊ ရာထူး၊ ဌာန |
တာဝန် |
(က) |
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊နိုင်ငံတော်ဝန်ကြီးချုပ် |
ဥက္ကဌ |
( ခ) |
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ဒုတိယဝန်ကြီးချုပ် |
ဒုတိယဥက္ကဌ |
( ဂ) |
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဃ) |
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
( င) |
ဝန်ကြီးချုပ်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့(အားလုံး) |
အဖွဲ့ဝင် |
( စ) |
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) |
အဖွဲ့ဝင် |
( ဆ) |
ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး |
အဖွဲ့ဝင် |
( ဇ) |
ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
(စျ) |
ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
တွဲဘက်အတွင်းရေးမှူး |
ဗဟိုကော်မတီ၏ တာဝန်များ
(က) |
ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း။ |
( ခ) |
ဝန်ကြီးဌာနကရေးဆွဲပြီး လုပ်ငန်းကော်မတီမှတဆင့် တင်ပြလာသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း။ |
( ဂ) |
နယ်စပ်ဒေသများတွင် လတ်တလော ဆောင်ရွက်ရန်သင့်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ပေး၍ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း။ |
(ဃ) |
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ဓလေ့ထုံးစံများ ထိန်းသိမ်းရေးကို ရှေးရှုလျက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။ |
( င) |
နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ အခြေအနေများကို ထိန်းသိမ်းသည့်အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။ |
(စ) |
တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။ |
ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ
(က) |
လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။ |
(ခ) |
လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်၊ လိုအပ်လျှင်ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။ |
နိုင်ငံတော်အစိုးရအဖွဲ့သည် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော််ရေး ဗဟိုကော်မတီ၏ ၁၀-၅-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃၀/၂၀၂၃) ဖြင့် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
စဉ် |
အမည်၊ ရာထူး၊ ဌာန |
တာဝန် |
(က) |
ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
ဥက္ကဌ |
( ခ) |
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဂ) |
ဒုတိယဝန်ကြီး၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဃ) |
ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(င) |
ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန |
အဖွဲ့ဝင် |
( စ) |
ဒုတိယဝန်ကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဆ) |
ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဇ) |
ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(စျ) |
ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ည) |
ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဋ) |
ဒုတိယဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
( ဌ) |
ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ |
အဖွဲ့ဝင် |
( ဍ) |
ဒုတိယညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး |
အဖွဲ့ဝင် |
( ဎ) |
အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး |
အဖွဲ့ဝင် |
(ဏ) |
အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(တ) |
အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ထ) |
အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဒ) |
အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဓ) |
အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန |
အဖွဲ့ဝင် |
(န) |
အမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ပ) |
အမြဲတမ်းအတွင်းဝန်၊ဆောက်လုပ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဖ) |
အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဗ) |
ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
(ဘ) |
ညွှန်ကြားရေးမှူးချုပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး |
လုပ်ငန်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(က) |
ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို စိစစ်၍ ဗဟို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း။ |
( ခ) |
ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်း များကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။ |
( ဂ) |
ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။ |
(ဃ) |
ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။ |
(င) |
ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။ |
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၁၉၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၁၉၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက်အရလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂)ဖြင့် ‘လုပ်ငန်းဆပ်ကော်မတီ (၁၃)ခု’ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၆-၁၁-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၈/၂၀၁၆) ဖြင့် လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို လည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ၂၂-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) ဖြင့် လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-
(က) လမ်း၊တံတားနှင့်အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ။
(ခ) ပညာရေး၊ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ။
(ဂ) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်သယံဇတဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ။
(ဃ) စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ။
(င) ပို့ဆောင်ရေး၊ဆက်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆပ်ကော်မတီ။
(စ) သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ။
(ဆ) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့်အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ။
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၁၃-၆-၁၉၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဌများမှ ဥက္ကဌ အဖြစ်ဆောင်ရွက်သော ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များအား တာဝန်ပေးအပ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂-၅-၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း "ဒေသဆိုင်ရာလုပ်ငန်းကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၂-၉-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း "ဒေသဆိုင်ရာလုပ်ငန်းကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်-
(က) ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
( ခ) ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
( ဂ) ကရင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
(ဃ) ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
( င) မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
( စ) ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
(ဆ) ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
( ဇ) စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ။
(ဈ) တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ။