ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) ကျောင်းသား၊ကျောင်းသူတစ်ဦးထောက်ပံ့မှုအခြေအနေ

    ၁။ စားစရိတ်ထောက်ပံ့ခြင်း      
      ဆန် - ၂.၂၅ ဘူး
      ဆီ - ၂.၂၅ ကျပ်သား
      ပဲ - ကျပ်သား
      ဆား - ဝ.၅  ကျပ်သား
      ရိက္ခာစို(၁)ရက် - ၇၅ဝိ/-  
    ၂။ ဝတ်စုံထောက်ပံ့ခြင်း      
      တိုက်ပုံ/ ဆာဖာရီ - ၁ ထည်  
      ပုဆိုး/ လုံချည် - ၂ ထည်  
      လည်ကတုံး(လက်ရှည်)/ရင်ဖုံး(လက်ရှည်) - ၂ ထည်  
      တီရှပ် - ၂ ထည်  
      ဘောင်းဘီရှည် - ၁ ထည်  
      လက်စွဲအိတ် - ၁ လုံး  
      ညှပ်ဖိနပ် - ၁ ရံ  
      ကင်းဘတ်ဖိနပ် - ၁ ရံ  
      ခြေအိတ် - ၁ စုံ  
    ၃။ အိပ်ယာပစ္စည်းထောက်ပံ့ခြင်း      
      ခြင်ထောင် - ၁ လုံး  
      ခေါင်းအုံး - ၁ လုံး  
      ခေါင်းအုံးစွပ် - ၁ ခု  
      မွေ့ယာ - ၁ ခု  
      အိပ်ယာခင်းဖြူ - ၁ ထည်  
      ခြုံစောင် - ၁ ထည်  
      ဂွမ်းကပ် - ၁ ခု  
      မျက်နှာသုတ်ပုဝါ - ၁ ထည်  
    ၄။ စာရေးကိရိယာထောက်ပံ့ခြင်း      
      ကွန်ပါဘူး - ၁ ဘူး  
      ဗလာစာအုပ် - ၆ ဒါဇင်  
      ဘောပင် - ၁ ဒါဇင်  
      ခဲတံ - ၆ ချောင်း  
      ပေတံ - ၂ ချောင်း  
      ကျူတိုရီရယ်စာအုပ် - ၁ ဒါဇင်  
    ၅။ ကျောင်းသားမုန့်ဖိုး ၁လ  - ၃ဝဝဝိ/- နှုန်း  
  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း) သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီ

    ၁။ ပြည်ထောင်စုဝန်ကြီး နာယက
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၂။ ဒုတိယဝန်ကြီး ဥက္ကဋ္ဌ(၁)
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၃။ ဒုတိယဝန်ကြီး ဥက္ကဋ္ဌ(၂)
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၄။ အမြဲတမ်းအတွင်းဝန် ဒုတိယဥက္ကဋ္ဌ
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၅။ ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
      နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၆။ ကျောင်းအုပ်ကြီး အဖွဲ့ဝင်
      ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)  
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၇။ ညွှန်ကြားရေးမှူး(အဆင့်မြင့်) အဖွဲ့ဝင်
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၈။ ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၉။ ဒုတိယညွှန်ကြားရေးမှူးချုပ်(အဆင့်မြင့်) တွဲဖက်အတွင်းရေးမှူး
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန  
         

     

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း) တိုင်းဒေသကြီး/ ပြည်နယ် သင်တန်းသားရွေးချယ်ရေးကော်မတီ

    ၁။ ဝန်ကြီးချုပ် နာယက
      တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့  
    ၂။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဥက္ကဋ္ဌ
      တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့  
    ၃။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဖွဲ့ဝင်
      တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့  
    ၄။ ညွှန်ကြားရေးမှူး အဖွဲ့ဝင်
      တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  
    ၅။ ညွှန်ကြားရေးမှူး အဖွဲ့ဝင်
      တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး  
      နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  
    ၆။ ဒုတိယညွှန်ကြားရေးမှူးချုပ်/ ညွှန်ကြားရေးမှူး အတွင်းရေးမှူး
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  
    ၇။ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူး တွဲဖက်အတွင်းရေးမှူး(၁)
      အခြေခံပညာဦးစီးဌာန  
    ၈။ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူး တွဲဖက်အတွင်းရေးမှူး(၂)
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  
         
  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်

    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ၏ သင်တန်းသား အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    (၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားပြီး တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

    (၂)      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အပေါ် သစ္စာရှိသူဖြစ်ရမည်။

    (၃)     ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူဖြစ်ရန်နှင့် နိုင်ငံတော်အပေါ် ချစ်မြတ်နိုး၍ တိုင်းရင်းသားများ၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရှင်သန်စေပြီး တိုင်းရင်းသား အချင်းချင်းအကြား အပြန်အလှန် နားလည်လေးစားသူ ဖြစ်ရမည်။

    (၄)     ယခင်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူနှင့် ယခုပညာသင်နှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများကိုသာ အောက်ပါအချက်များနှင့်အညီ စိစစ် လက်ခံမည်-

    (က)    အင်ဂျင်နီယာအတတ်ပညာဒီပလိုမာ (A.G.T.I)သင်တန်းအတွက် သိပ္ပံ              ဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ် ၃၅၁ မှတ်နှင့် အထက်၊ သိပ္ပံဘွဲ့(B.Sc)သင်တန်းအတွက်သိပ္ပံဘာသာတွဲ၊ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင် ပြီး ရမှတ် ၃၂၁ မှတ် နှင့်အထက်ရရှိသူများ၊ ဝိဇ္ဇာဘွဲ့(B.A) သင်တန်းအတွက် ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ် ၃၀၀ နှင့် အထက် ရရှိသူများလျှောက်ထားနိုင်ပြီးအမှတ်ကြီးစဉ်အလိုက် ရွေးချယ်မည်ဖြစ်သည်၊ (သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး တက်ရောက်ခွင့် ရရှိ သူများမှ အမှတ်နည်းသူများအား လိုအပ်ချက်အရ ဝိဇ္ဇာဘာသာတွဲတွင် တက်ရောက်ခွင့်ပြုမည်ကို လက်ခံရမည်။)

    ( )    နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံ၍ ဝင်ခွင့် စာမေးပွဲ(ရေးဖြေ၊လူတွေ့) ဖြေဆိုအောင်မြင်သူများကိုသာ ရွေးချယ် လက်ခံမည်၊

    ( )    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုစေပြီး အောင်မြင်သူ များကိုသာ ရွေးချယ်လက်ခံမည်၊

     ()   နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအတွက် သတ်မှတ်ပေးထားသော (အဓိကနှင့် အရန်)သင်တန်းသားဦးရေကို သင်တန်းအား စိတ်ပါဝင်စား၍ အမှန်တကယ် တက်ရောက်ရန်ဆန္ဒရှိပြီး ဆေးစစ်ချက်အောင်မြင်သူများကိုသာ နေပြည်တော်ကောင်စီနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများမှ ဦးစားပေးအစီအစဉ် အလိုက် ရွေးချယ်၍ သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီသို့ ပေးပို့ရန် နှင့် သင်တန်းသား ရွေးချယ်ရေးဗဟိုကော်မတီမှ စိစစ်ပြီး လက်ခံမည်၊

    ( )    သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့် အဓိကသင်တန်းသားမှာ ဆေးစစ်ချက် မအောင်မြင်လျှင် အစားထိုးတက်ရောက်ခွင့်ပြုမည့် သင်တန်းသားအား သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီသို့ ပေးပို့ တင်ပြထားသည့် အရန်အင်အားစာရင်းပါ ဦးစားပေးအစီအစဉ်အရ သတ်မှတ် ကာလအတွင်း တက်ရောက်ခွင့်ပြုမည်၊ (ကျန်ကိစ္စရပ်များ အတွက် သင်တန်းသား အစားထိုးခွင့်မပြုပါ။)

    ( )    သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိ၍သော်လည်းကောင်း၊ အခြားသင်တန်းသို့ ပြောင်းလဲ တက်ရောက်ရန်   သော်လည်းကောင်း နှုတ်ထွက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများ အတွက် အစားထိုးတက်ရောက်ခွင့်မပြုပါ၊ (အမှန်တကယ် တက်ရောက် လိုသူများအတွက် နစ်နာမှုမရှိစေရန် အမှန်တကယ်ဆန္ဒရှိသူ များကိုသာ  ရွေးချယ်ရေးအဖွဲ့မှ  အာမခံရွေးချယ်ပေးရန်ဖြစ်သည်။)

    ()    ပထမနှစ်သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီး ဆေးစစ်ချက် မအောင်မြင် သဖြင့် ပြန်လည်စေလွှတ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းသို့ပြန်လည်တက်ရောက်လိုပါက ကျောင်းသို့တိုက်ရိုက်တက်ရောက် ခွင့်မပြုဘဲ သင်တန်းသားအသစ်ကဲ့သို့ အစမှပြန်လည်လျှောက်ထားရမည်၊

    (ဇ )    သင်တန်းသားအဖြစ် ရွေးချယ်ခြင်းမခံရပါက နစ်နာမှု မရှိစေရေးအတွက် အခြား တက္ကသိုလ်၊ ကောလိပ်များသို့ လျှောက်ထားနိုင်သည်၊   

    (စျ )    သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအား နေပြည်တော်ကောင်စီ နယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ဒေသများရှိ ကျန်းမာရေးဌာနတွင် (အသည်းရောင်အသားဝါ Bပိုး၊ Cပိုး၊ HIV၊ ကာလသား ရောဂါ၊ တီဘီ၊ နာတာရှည်နှင့် ကူးစက် ရောဂါများ) ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်လက်မှတ် မူရင်းကို တစ်ပါတည်း ယူဆောင်လာရမည်၊ (ဆေးစစ်ချက်လက်မှတ် မပါရှိသူများအား ပြန်လည်စေလွှတ်မည်ဖြစ်သည်၊) သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီမှ ပဏာမရွေးချယ်ခြင်း ခံရပါက စိတ်အခြေအနေနှင့် ကျန်းမာရေးစစ်ဆေးမှုကို ဒီဂရီကောလိပ်ကျောင်း များမှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် စိတ်အခြေအနေကောင်းမွန်မှသာ တက်ရောက်ခွင့်ရပါမည်။ HIV၊ HBs Ag၊ HCV Ab စစ်ဆေးတွေ့ရှိသူများအားဒုတိယအကြိမ် ပြန်လည်စစ်ဆေးပြီး ပိုးကောင်ရေအနည်းအများပေါ်မူတည်၍ အခြား သူများအား ကူးစက်နိုင်ခြင်း ရှိ/မရှိ စိစစ်၍ ကူးစက် နိုင်ခြင်းမရှိပါက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံစေလွှတ်သွားမည်။

            (ထိုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အတိုင်းသာ အတည်ပြု သွားမည်ဖြစ်သည်။) ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးကြောင်း ထောက်ခံချက်ပါရှိသူများကိုသာ ဦးစားပေး ရွေးချယ်သွားမည်။

     (၅)    သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသည် သင်တန်းသား ရွေးချယ်မှုအား အထူးအစီအစဉ်ဖြင့်ရွေးချယ်ရန်ကိစ္စရှိလာခဲ့လျှင် ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင် ပြီးမှသာ ရွေးချယ်နိုင်ရေး ဆောင်ရွက်သွားရမည်။

    (၆)     လျှောက်ထားသူသည်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်အသက် ၁၉ နှစ်၊၆ လ အထက် မကြီးသူဖြစ်ရမည်။ ကျောင်းသားများသည် အနည်းဆုံးအရပ် ’၂”နှင့် အထက်ရှိသူ ဖြစ်ရမည်။ ကျောင်းသူများသည် အနည်းဆုံး အရပ် ၅ ရှိရမည်။

    (၇)     ကျောင်းသားများသည် ကိုယ်အလေးချိန် အနည်းဆုံး ၁၀၅ ပေါင်၊ ကျောင်းသူ များသည် အနည်းဆုံး ၉၅ ပေါင် ရှိရမည်။

    (၈)     ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်အလေးချိန်သည် ကိုယ်ခန္ဓာအချိုးအစားနှင့် ကိုက်ညီသည့် ကိုယ်အလေးချိန်ရှိရမည်ဖြစ်ပြီး အဝလွန်၍ ပေါင် ၁၄၀ ထက် ကျော်လွန်သူများမဖြစ်စေရ။

    (၉)     ကျောင်းသား၊ကျောင်းသူများ ဝင်ခွင့်လျှောက်ထားချိန်တွင် နိုင်ငံသားစိစစ်ရေးကတ် မူရင်း တင်ပြနိုင်သူများကိုသာ လျှောက်လွှာထုတ်ပေးသွားရန်နှင့် လျှောက်လွှာတင် သည့်အခါ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပူးတွဲတင်ပြရမည်။         

    (၁၀)   လျှောက်ထားသူနှင့်၎င်း၏မိဘနှစ်ပါးစလုံးသည်ဒေသတွင်အမှန်တကယ်နေထိုင်သူ ဖြစ်ရမည်။

    (၁၁)   လျှောက်ထားသူသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်

    (၁၂)    အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်/ ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံမှ တစ်လ အတွင်း ရယူထားသော ထောက်ခံချက် တင်ပြရမည်

    (၁၃)   ကျန်းမာ၍ ရောဂါဘယ (နာတာရှည်ရောဂါ၊ ကူးစက်ရောဂါ) ကင်းရှင်းရမည်၊ ကိုယ်အင်္ဂါ ချို့ယွင်းသူ၊ စိတ်ချို့တဲ့သူ၊ စကားမပီသသူ၊ စကားထစ်သူ၊ တက်တူး (ဆေးမင်ကြောင်) ထိုးထားသူများမဖြစ်စေရ။

    (၁၄)   သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးမှု ပြုလုပ်ချိန်တွင် တက်တူး(ဆေးမင်ကြောင်) ထိုးထားသူများနှင့် သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသူ များကိုစိစစ်တွေ့ရှိရပါက ပြန်လည်စေလွှတ်ပြီး ၎င်းသင်တန်းသား နေရာတွင် အစားထိုးရွေးချယ်ပေးမည်မဟုတ်ပါ။

    (၁၅)   အိမ်ထောင်မပြုဖူးသူ လူပျို၊ အပျို ဖြစ်ရမည်။

    (၁၆)   အမူအကျင့်အားဖြင့်အမျိုးသားဆန်သောအမျိုးသမီး (သို့မဟုတ်) အမျိုးသမီး ဆန်သောအမျိုးသား မဖြစ်စေရ

    (၁၇)   ရပ်ရွာ၏ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ဝင်စားသူဖြစ်ရမည်

    (၁၈)   ပြည်ထောင်စုတိုင်းရင်းသားဖြစ်ပြီး ရိုးရာဘာသာစကား တတ်ကျွမ်းရမည်။

    (၁၉)   မြန်မာနိုင်ငံစာစစ်ဌာနမှဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးမှဖြစ်စေ ထုတ်ပေးသော တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းမူရင်း တင်ပြ နိုင်ရမည်။

    (၂၀)    ပညာရပ်များတတ်မြောက်၍ ဘွဲ့၊ ဒီပလိုမာရရှိပြီးပါက နိုင်ငံတော်ကပေးအပ်သော တာဝန်နှင့်စေလွှတ်ရာဒေသသို့ ဦးလည်မသုန် သွားရောက်တာဝန်ထမ်းဆောင်လျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပါမည်ဟု ကတိပြုသူဖြစ်ရမည်။

    (၂၁)    နိုင်ငံတော်မှပေးအပ်သော တာဝန်ထမ်းဆောင်ခြင်းမှ ပျက်ကွက်ပါက ဝန်ထမ်း ဆိုင်ရာ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ အရေးယူ ခံရမည်ကို သိရှိကြောင်း ကိုယ်တိုင်ဝန်ခံကတိပြု လက်မှတ်ရေးထိုး၍ မိဘ၊ အုပ်ထိန်းသူမှ အာမခံကတိပြု လက်မှတ်ရေးထိုးရမည်၊ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်း၏ ထောက်ခံချက် ပါရှိရမည်

    (၂၂)    ဘွဲ့၊ ဒီပလိုမာရရှိပြီးပါက နိုင်ငံတော်၌ ဝန်ထမ်းခန့်အပ်ခြင်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဝန်ထမ်းလိုအပ်ချက်အရခန့်အပ်သွားမည်ကို နားလည်သဘောပေါက်၍ လက်ခံနိုင်မည့်ဝန်ထမ်းလိုအပ်ချက်မရှိပါက မိမိအစီအစဉ် ဖြင့် အလုပ်အကိုင် ရှာဖွေလုပ်ကိုင် ဆောင်ရွက်ရန် လက်ခံသူဖြစ်ရမည်။

    (၂၃)    အောက်ပါအချက်များနှင့် ကိုက်ညီသူများကို အဓိကထား ဦးစားပေးရွေးချယ်မည်- (က)          နယ်စွန်နယ်ဖျားဒေသမှ ဖြစ်ခြင်း၊                   

              (ခ )    ပြည်ထောင်စုတိုင်းရင်းသားဖြစ်ခြင်း၊

              (ဂ )    မိဘမဲ့(သို့မဟုတ်) မိမဲ့(သို့မဟုတ်) ဘမဲ့များဖြစ်ခြင်း၊

              (ဃ)    ဆင်းရဲနွမ်းပါးပြီး ပညာလိုလား ကြိုးစားသင်ယူလိုသူဖြစ်ရမည်၊

              (င )    လျှောက်ထားသည့်ဒေသ(သို့မဟုတ်) မည်သည့်ဒေသတွင်မဆို တာဝန်           ထမ်းဆောင်နိုင်မည့်သူ ဖြစ်ခြင်း။

    (၂၄)    ပညာသင်ကြားခွင့်ရရှိပါက စိစစ်ရွေးချယ်ရေးအဖွဲ့မှ ပညာသင်ကြားရန် သတ်မှတ် ပေးသည့်      ဘာသာတွဲနှင့် သတ်မှတ်သည့် ဒီဂရီကောလိပ်တွင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

              မှတ်ချက်။      တက္ကသိုလ်ဝင်တန်းကို ကိုယ်ပိုင်အထက်တန်းကျောင်း/ ဘော်ဒါဆောင်များ တွင် အခကြေးငွေဖြင့် နေထိုင်တက်ရောက်အောင်မြင်သူများအား ရွေးချယ် ခြင်းမပြုရန်။ (တက္ကသိုလ်ဝင်တန်းကို အခကြေးငွေမယူဘဲ သင်ကြားခွင့် ပြုသည့် ကိုယ်ပိုင်အထက်တန်းကျောင်း/ ဘော်ဒါဆောင်များတွင် နေထိုင် တက်ရောက် အောင်မြင် သူများမပါ။)

     

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ပညာသင်နှစ်အလိုက် ဘွဲ့လွန်သင်တန်းများ တက်ရောက်ပြီးစီးမှု

         ၂၀၀၆-၂၀၀၇ ပညာသင်နှစ်မှ ၂၀၁၂-၂၀၂၃ ပညာသင်နှစ်အထိ မဟာဘွဲ့ ၊ပါရဂူဘွဲ့ရရှိပြီး ကျောင်းသား၊ကျောင်းသူအင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

     

    စဉ်

    ပညာသင်နှစ်

    မဟာဝိဇ္ဇာ

    မဟာသိပ္ပံ

    မဟာသုတေသန

    ပါရဂူဘွဲ့

    ပေါင်း

    ၂၀၀၆-၂၀၀၇

    ၁၉

    ၂၀၀၇-၂၀၀၈

    ၁၀

     

    ၂၃

    ၂၀၀၈-၂၀၀၉

    ၁၈

    ၁၂

    ၃၄

    ၂၀၀၉-၂၀၁၀

    ၂၃

    ၁၁

     

    ၄၀

    ၂၀၁၀-၂၀၁၁

    ၁၃

    ၁၇

     

    ၃၂

    ၂၀၁၁-၂၀၁၂

    ၁၁

     

     

    ၁၉

    ၂၀၁၂-၂၀၁၃

    ၂၃

     

     

    ၂၆

    စုစုပေါင်း

    ၄၈

    ၁၀၁

    ၃၈

    ၁၉၃