ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)

  • နောက်ခံသမိုင်း

    ၁။           တော်လှန်ရေးကောင်စီ၏  ၅-၂-၁၉၆၄ရက်နေ့တွင် ကျင်းပခဲ့သော (၆၅)ကြိမ်မြောက် အစည်းအဝေးက တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို  ၂၀-၁၀-၁၉၆၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

    ၂။           ၁၉၉၁ ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့အ စည်းအဝေးအမှတ်စဉ်(၁၈/၉၁)အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၁၀-၅-၁၉၉၁ ရက်စွဲပါ စာအမှတ်၊ ၀၁/နဝတ(ဥ) စဝ-၁၈ ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး အရာထမ်း (၁၁၂)၊ အမှုထမ်း (၄၀၀)ဦး၊ စုစုပေါင်း (၅၁၂)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

    ၃။     ၁-၄-၂၀၁၂ ရက်နေ့တွင် တက္ကသိုလ်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လွှဲပြောင်း ရယူပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သင်ကြားလေ့ကျင့်မှု လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် အရာထမ်း (၁၈၇)ဦး၊ အမှုထမ်း(၃၆၄)ဦး၊ စုစုပေါင်း (၅၅၁)ဦးဖြင့် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)ဖြင့် တက္ကသိုလ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

     

    UDNR

  • စည်းလုံးခြင်းသည်အင်အား

                    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဟူသော အမည်သည် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန် ဟူသော တက္ကသိုလ်၏ အဓိကရည်မှန်းချက်ကို ဖော်ညွှန်း လျက်ရှိပါသည်။ မြန်မာဟူသည် အချင်းချင်းနားလည်မှု၊ ချစ်ကြည် လေးစားမှုတို့ဖြင့် အတူယှဉ်တွဲနေထိုင်လျက် ရှိကြသည့် တိုင်းရင်းသားလူမျိုးနွယ်စု တစ်ရာကျော်ကို တစ်စည်းတစ်ရုံးတည်း ပေါင်းစည်းခေါ်ဝေါ်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံတော်၏ စစ်မှန်သော အင်အားသည် နိုင်ငံအတွင်းမှာသာရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအားအပေါ် အဓိက တည်မှီနေသည်ဟူသော ယုံကြည်ချက်ဖြင့် တက္ကသိုလ်၏ ဆောင်ပုဒ်ကို  “စည်းလုံးခြင်းသည်အင်အား” ဟု သတ်မှတ်ခံယူထားပါသည်။

    motto

     

  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ရည်ရွယ်ချက်

        

    • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်။
    • ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်း ကောင်းများ မွေးထုတ်ပေးရန်။
    • နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်စွမ်းရည်မြှင့်တင်ရန်။
    • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုလုပ်ငန်းများအောင်မြင်မှုကိုရှေးရှု၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်။
    • ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်။

     

     

  • ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ်လေ့ကျင့်ရေးအချိန်ဇယား

      ၁။   ၀၅:၀၀  နာရီ                                     အိပ်ရာထချိန်

      ၂။   ၀၅:၄၀  နာရီ မှ ၀၆:၂၀  နာရီအထိ        စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခြင်း

      ၃။   ၀၆:၂၀   နာရီ မှ ၀၇:၀၀  နာရီအထိ       ကိုယ်ပိုင်အချိန် (ရေချိုး/ တန်းစီရန်ပြင်ဆင်)

      ၄။   ၀၇:၀၀  နာရီ မှ  ၀၇:၃၀  နာရီအထိ       နံနက်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)

      ၅။   ၀၇:၃၀  နာရီ မှ ၀၈:၀၀  နာရီအထိ        တန်းစီ၊  လူစစ်၊ ကျောင်းသား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုချိန်

      ၆။   ၀၈:၀၀  နာရီ မှ  ၁၁:၃၀  နာရီအထိ       နံနက်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်

      ၇။   ၁၁:၃၀  နာရီ မှ  ၁၂:၃၀  နာရီအထိ        နေ့လယ်စာ စားသောက်ချိန်(ထမင်းစားသစ္စာဆိုရန်)

      ၈။   ၁၂:၃၀   နာရီ မှ  ၁၅:၁၀  နာရီအထိ       နေ့လယ်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်

      ၉။   ၁၅:၁၀  နာရီ မှ  ၁၆:၀၀  နာရီအထိ       ကိုယ်ပိုင်အချိန်

    ၁၀။   ၁၆:၀၀  နာရီ မှ ၁၇:၀၀  နာရီအထိ        စိုက်ပျိုးရေးဆောင်ရွက်ခြင်း၊ အားကစားဆောင်ရွက်ခြင်း၊

                                                                    လက်တွေ့ဆောင်ရွက်ခြင်း

    ၁၁။    ၁၇:၀၀  နာရီ မှ  ၁၈:၀၀  နာရီအထိ       ကိုယ်ပိုင်အချိန်

    ၁၂။   ၁၈:၀၀  နာရီ မှ  ၁၈:၃၀  နာရီအထိ        ညနေစာစားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)

    ၁၃။   ၁၈:၃၀  နာရီ မှ  ၁၉:၀၀  နာရီအထိ        စာကြည့်ရန် ပြင်ဆင်ချိန်

    ၁၄။   ၁၉:၀၀  နာရီ မှ  ၂၁:၀၀  နာရီအထိ        ညစာကြည့်ချိန်၊ လေ့ကျင့်ချိန်

    ၁၅။   ၂၁:၀၀   နာရီ မှ  ၂၂:၀၀  နာရီအထိ        ကိုယ်ပိုင်အချိန်၊ တန်းစီလူစစ်ချိန်

    ၁၆။   ၂၂:၀၀   နာရီ                                      မီးပိတ်ချိန်/ ညအိပ်ချိန်

  • ကျောင်းသား၊ ကျောင်းသူတစ်ဦး ထောက်ပံ့ပေးမှုအခြေအနေ

    ၁။        စားစရိတ် ထောက်ပံ့ခြင်း

    (က) ဆန် - .၂၅  ဗူး
    ( ခ) ဆီ - .၂၅ ကျပ်သား
    ( ဂ) ပဲ - ကျပ်သား
    (ဃ) ဆား - . ကျပ်သား
    ( င) ရိက္ခာစို ၁ ရက် - ၇၅ဝိ/- နှုန်း

                           

    ၂။       ဝတ်စုံ ထောက်ပံ့ခြင်း

    (က) တိုက်ပုံ/ဆာဖာရီ - ထည်
    ( ခ) ပုဆိုး/လုံချည်  - ထည်
    ( ဂ) ရှပ်အင်္ကျီဖြူ/ရင်ဖုံး(လက်တို) - ထည်
    (ဃ) ရှပ်အင်္ကျီဖြူ/ရင်ဖုံး(လက်ရှည်) - ထည်
    ( င) စွပ်ကျယ်/အတွင်းခံ(ဂျိုင်းပြတ်) - ထည်
    ( စ) တီရှပ် - ထည်
    (ဆ) အားကစားဝတ်စုံ - စုံ(အနွေးထည်၊ဘောင်းဘီရှည်)
    ( ဇ) ကင်းဘတ်ဖိနပ် -   ရံ
    စျ) ခြေအိတ် - စုံ
    (ည) လက်ဆွဲအိတ်  - လုံး
    (ဋ) ဦးထုပ်/ ထီ -  စုံ
    (ဌ အလုပ်ရုံဝတ်စုံ - စုံ
    ( ဍ) အနွေးထည်  - ထည်

     

     ၃။      အိပ်ယာအသုံးအဆောင်ပစ္စည်း  ထောက်ပံ့ခြင်း

    (က) ခြင်ထောင် - လုံး
    ( ခ) ခေါင်းအုံ  - လုံး
    ( ဂ) ခေါင်းအုံးစွပ် - ခု
    (ဃ) မွေ့ယာ - ခု
    ( င) အိပ်ယာခင်းဖြူ - ခု
    ( စ) ခြုံစောင် - ထည်
    (ဆ) ဂွမ်းကပ်  - ခု
    ( စျ) မျက်နှာသုတ်ပဝါ -   ထည်

     

      ၄။     ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ထောက်ပံ့ခြင်း

    (က) ကွန်ပါဘူး - ဘူး
    ( ခ) ဗလာစာအုပ် - ဒါဇင်
    ( ဂ) ဘောပင် - ဒါဇင်
    (ဃ) ခဲတံ  -   ချောင်း
    ( င) ပေတံ -   ချောင်း
    ( စ) ကျူတိုရီရယ်စာအုပ် - ဒါဇင်

     

    ၅။      ကျောင်းသားမုန့်ဖိုး (တစ်လ)        -        ၃၀၀ဝိ/-       နှုန်း