ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ကျောင်းသမိုင်း

               နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ၁၇--၁၉၉၉ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ပြခဲ့ရာ ၃ဝ--၁၉၉၉ ရက်နေ့၊ စာအမှတ်၂၁/၉၉ အဖရ၉၉(၇၂)ဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအဖြစ်ဖွဲ့စည်းပုံခွင့်ပြု၍ ၃ဝ--၁၉၉၉ ရက်နေ့တွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် နှင့်မန္တလေး)ကို ၂ဝဝဝ-၂ဝဝ၁ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)ကို  ၁၅-၆-၂၀၀၀ ရက်နေ့တွင် ကမာရွတ် ဘူတာရုံလမ်း၊ လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်(၃၃၈၃)၊ ၆၁ ရပ်ကွက် စစ်တောင်းလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၅-၇-၂၀၀၅ ရက်နေ့တွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။

    gsadf

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ တည်နေရာ/အကျယ်အဝန်း

    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ စစ်တောင်း လမ်း၊ အကွက်အမှတ် (၃၃၈၃)ရှိမြေဧရိယာ (၃၁.၅၁၆)ဧကတွင်တည်ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၁၃-၁၀-၂၀၀၄ရက်စွဲပါ စာအမှတ် မခ/မသ/၅၅အယ်-၂၀၀၄(၂၄၃၆)ဖြင့် မြေအသုံးချခွင့် ရရှိပြီးဖြစ်ပါသည်။

    gsfg

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၊ တည်နေရာ၊ အကျယ်အဝန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာ ကားလမ်းမကြီးဘေး အုန်းတောကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၂၆/)မှ (၂၆/)ရှိ မြေဧရိယာ (၆၁.၉၃)ဧကတွင် တည်ရှိပါသည်။

    gfsdfg

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ကျောင်းသားများတစ်နေ့တာ(နေ့စဉ်)လေ့ကျင့်ရေးအချိန်ဇယား

    ၁။ ၀၅:၀၀ နာရီ  အိပ်ရာထချိန်
    ၂။ ၀၅:၄၀ နာရီ မှ ၀၆:၂၀ နာရီအထိ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခြင်း
    ၃။ ၀၆:၂၀ နာရီ မှ ၀၇:၀၀ နာရီအထိ ကိုယ်ပိုင်အချိန် (ရေချိုး/ တန်းစီရန်ပြင်ဆင်)
    ၄။ ၀၇:၀၀ နာရီ မှ ၀၇:၃၀ နာရီအထိ တန်းစီ၊လူစစ်၊ကျောင်းသားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုချိန် 
    ၅။ ၀၇:၃၀ နာရီ မှ ၀၈:၀၀ နာရီအထိ နံနက်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
    ၆။ ၀၈:၀၀ နာရီ မှ ၁၁:၀၀ နာရီအထိ နံနက်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
    ၇။ ၁၁:၀၀ နာရီ မှ ၁၁:၄၅  နာရီအထိ နေ့လယ်စာစားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
    ၈။ ၁၁:၄၅ နာရီ မှ ၁၅:၃၀ နာရီအထိ နေ့လယ်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
    ၉။ ၁၅:၃၀ နာရီ မှ ၁၆:၀၀ နာရီအထိ ကိုယ်ပိုင်အချိန်
    ၁၀။ ၁၆:၀၀ နာရီ မှ ၁၇:၀၀ နာရီအထိ စိုက်ပျိုးရေးဆောင်ရွက်ခြင်း၊ အားကစားဆောင်ရွက်ခြင်း
    ၁၁။ ၁၇:၀၀ နာရီ မှ ၁၈:၀၀ နာရီအထိ ကိုယ်ပိုင်အချိန်
    ၁၂။ ၁၈:၀၀ နာရီ မှ ၁၈:၃၀  နာရီအထိ ညနေစာစားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
    ၁၃။ ၁၈:၃၀ နာရီ မှ ၁၉:၀၀ နာရီအထိ စာကြည့်ရန် ပြင်ဆင်ချိန်
    ၁၄။ ၁၉:၀၀ နာရီ မှ ၂၁:၀၀ နာရီအထိ ညစာကြည့်ချိန်၊ လေ့ကျင့်ချိန်
    ၁၅။ ၂၁:၀၀  နာရီ မှ ၂၂:၀၀  နာရီအထိ ကိုယ်ပိုင်အချိန်၊ တန်းစီလူစစ်ချိန်
    ၁၆။ ၂၂:၀၀  နာရီ မီးပိတ်ချိန်/ ညအိပ်ချိန်
  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ကျောင်းသား၊ ကျောင်းသူတစ်ဦး ထောက်ပံ့မှုအခြေအနေ

    ၁။ စားစရိတ်ထောက်ပံ့ခြင်း
      ဆန် - .၂၅    ဘူး
      ဆီ - .၂၅    ကျပ်သား
      ပဲ -        ကျပ်သား
      ဆား - .     ကျပ်သား
      ရိက္ခာစို()ရက် - ၇၅ဝိ/-
    ၂။ ဝတ်စုံထောက်ပံ့ခြင်း
      တိုက်ပုံ/ ဆာဖာရီ - ထည်
      ပုဆိုး/ လုံချည် - ထည်
      ရှပ်အင်္ကျီဖြူ/ ရင်ဖုံး(လက်တို) - ထည်
      ရှပ်အင်္ကျီဖြူ/ ရင်ဖုံး(လက်ရှည်) - ထည်
      စွပ်ကျယ်/ အတွင်းခံ(ဂျိုင်းပြတ်) - ထည်
      တီရှပ် -  ထည်
      အားကစားဝတ်စုံ - စုံ
      ကင်းဘတ်ဖိနပ် - ရံ
      ခြေအိတ် - စုံ
      လက်စွဲအိတ် - လုံး
      ဂျာကင်အင်္ကျီ - ၁ 
      အလုပ်ရုံဝတ်စုံ - စုံ
    ၃။ အိပ်ယာပစ္စည်းထောက်ပံ့ခြင်း
      ခြင်ထောင် - လုံး
      ခေါင်းအုံး - လုံး
      ခေါင်းအုံးစွပ် - ခု
      မွေ့ယာ - ခု
      အိပ်ယာခင်းဖြူ -  ခု
      ခြုံစောင် - ထည်
      ဂွမ်းကပ် - ခု
      မျက်နှာသုတ်ပုဝါ - ထည်
    ၄။ စာရေးကိရိယာထောက်ပံ့ခြင်း
      ကွန်ပါဘူး - ဘူး
      ဗလာစာအုပ် - ဒါဇင်
      ဘောပင် - ဒါဇင်
      ခဲတံ - ချောင်း
      ပေတံ - ချောင်း
      ကျူတိုရီရယ်စာအုပ် - ဒါဇင်
    ၅။ ကျောင်းသားမုန့်ဖိုး () - (၃ဝဝဝိ/-)နှုန်း