November 2017

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း (၃/၂၀၁၇) သြဝါဒခံယူခြင်း ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ၂၂-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ဝန်ကြီးဌာနစုပေါင်း အစည်းအဝေးခန်းမ၌ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၁၇) သင်တန်းသို့ တက်ရောက်လျက်ရှိသော ကျောင်းအုပ် (၄၁) ဦးအားလမ်းညွှန်သြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။

standard

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမူ အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၃) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

၂၀၁၇ ခုနှစ်၊ ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ၂၂ရက်
    ၂၀၁၇ ခုနှစ်၊ ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိကျောင်းများ၌ ရန်ကုန်(ဇုံ)နှင့်စစ်ကိုင်း(ဇုံ)ခွဲ၍၁၄-၁၁-၂၀၁၇ရက်နေ့မှစတင်ကာသက်ဆိုင်ရာကျောင်းများ၏ အားကစားကွင်းတွင်အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြပြီးအုပ်စု (ပထမ)နှင့် အုပ်စု (ဒုတိယ)ရရှိသောအသင်းများကိုနေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အကြိုဗိုလ်လုပွဲများယှဉ်ပြိုင်ကစားကြခဲ့ကြပါသည်။

standard