April 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဧပြီလ ၁၃  ရက်
         မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင် ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာရေ သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

standard

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားပွဲနှင့် စတုဒိသာကျွေးပွဲ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပ

    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ကျောင်းခန်းမ၌ ဧပြီ ၁၃ရက်နေ့မှ စတင်၍ ကျင်းပဖွင့်လှစ်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးတို့ တက်ရောက်ပြီး ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (သူနာပြုအလုပ်သင်) သင်တန်းအမှတ်စဉ် (၁) သင်တန်းသူများမှ သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြင့်ခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းနှင့် ကျောင်းအတွင်းရှိ ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ ကျင်းပ ဆောင်ရွက်ခဲ့သည်။ 

standard

မြို့နယ်ချင်းဆက်လမ်းပေါ်၌ ပေ ၇၀ ဘေလီတံတား ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ပဉ္စမအကြိမ် အိန္ဒိယသမ္မတနိုင်ငံ အထောက်အပံ့ရန်ပုံငွေကျပ် ၂၀၆ ဒသမ ၇၇၇ သန်း ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်-လေရှီး မြို့နယ်ချင်းဆက် လမ်း ၂၂၅ မိုင် ၄ ဖာလုံ အနက် ဖောက်လုပ်ပြီးမြေလမ်း ၁၁၇ မိုင် ပေါ်တွင် တီတီချောင်း၌ ပေ ၇၀ နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

standard